Home » , , , » Enemy(2013)

Enemy(2013)

 


 

တစ်ခါတစ်လေ ကျရင် ကိုယ့်ဘဝရဲ့ ရန်သူဆိုတာ ကိုယ်ကိုယ်တိုင်လည်း ဖြစ်နေနိုင်ပါတယ်

ဒီရုပ်ရှင်ကတော့ အချုပ်အနှောင်ကို မကြိုက်တဲ့ ယောက်ျား တစ်ယောက်၊ မိန်းမ တစ်ယောက်တည်းအပေါ် မှာပဲ

သစ္စာရှိရမှာ ကြောက်နေပြီး အဲ့လို ဘဝမျိုးမှာ လက်တွေ့ရှင်သန်နေထိုင်နေရတဲ့ အတွက် စိတ္တဇဝေဒနာ ကို

ခံစားနေရတဲ့ ယောက်ျားတစ်ယောက်အကြောင်းပါ

ရုပ်ရှင်ရဲ့ အဓိကက မင်းသားရဲ့ စိတ်ရောဂါ အကြောင်းကို လုံးဝ ပရိတ်သတ်တွေ နှစ်ခါပြန်ကြည့်ပြီး

စဥ်းစားရလောက်မယ့် ပုံစံမျိုးနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်

ပထမတစ်ခေါက်ကြည့်ပြီးရင်တော့ wtf? ဘာကြီးလဲ လို့ တွေးမိသွားနိုင်ပေမယ့်

 


 

ရုပ်ရှင် တစ်ခုရဲ့ symbolism,metaphors တွေကို စိတ်ဝင်စား နားလည်တဲ့ သူတွေအတွက်ကတော့

ဒီရုပ်ရှင် ပဟေဠိ တစ်ခုလိုပါပဲ အဖြေကို သေချာ နားလည်သွားတဲ့ အခါကျရင်တော့ တကယ့် masterpiece တစ်ခုလို့ ခံစားရမှာ အသေအချာပါပဲ

မင်းသားကတော့ ကျွန်တော့်အနေနဲ့ nightcrawler,spiderman-far from home တို့မှာ တွေ့ခဲ့ရတဲ့ မင်းသား​ကြီး

jake gyllenhaal ပဲဖြစ်ပါတယ် ဒီထဲမှာလည်း သူ့ရဲ့ ချီးကျူးလောက်တဲ့ သရုပ်ဆောင်ချက်တွေကို တွေ့ရမှာပါ

 

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *